Friday, August 14, 2009

အဟဲ...အဟိ.....


ချစ်ချောဆိုတဲ့ ကောင်မလေး ကို
ချစ်လွန်းလို့
ခရေပင်အောက်မှာ
ခခယယ
ခတ်ခတ်ခဲခဲ
ခရေကုံးလေး နဲ့
ချစ်ခွင့်ပန်နေတုန်း
ခဲ နဲ့ ထု တာ
ချက်ကြီးပါ။
ချစ်ချစ်အိမ်ကို
ချောင်းကြည့်နေတုန်း
ခွေးဝင်ဆွဲလို့
ခါးတောင်းကြိုက်ပြီး
ခံပင်ပေါ်ကို
ခုန်အတတ်မှာ
ချေချော်ပြီး
ချေးပုံပေါ်ကို
ခွေခေါက်ပြီး
ခွေးကျသလို
ခါး နဲ့ ကျတော့
ချစ်ချစ်က
ခစ်ခစ် တဲ့ ဗျာ...။။။။။

ဘာရယ်တော့ ဟုတ်ပါဘူး စိတ်ကူးတည့်ရာရေးလိုက်တာပါ ..အဟဲ ..အဟိ။။။။။

အားတင်းမိခြင်း


ကျွမ်းလောင်ပြီး
ကျန်ရှိနေတဲ့
ကြေကွဲခြင်းတွေကို
ကျောက်ရုပ်တစ်ရုပ်လို
ကြာရှည်မှာ
ကြံ့ကြံ့ခံနိုင်အောင်
ကြိုးစားရတော့မယ်.....။။။။။။။

Tuesday, August 11, 2009

ဖန်ခွက်


တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး ‘ဒီဖန်ခွက်က
ဘယ်လောက်လေးမယ် ထင်သလဲ’ လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..’ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..’
“ဘာမှမဖြစ်ဘူး” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
“တော်တော်ကြာကြာကိုင်ထားရင်ရော” လို့ ဆရာက ဆက်မေးတယ် ..
“လက်တွေညောင်းပြီး ထုံကျင်လာမယ်” လို့ ဖြေကြတယ် …
‘ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ’ လို့ ဆရာမေးတော့ ရွှတ်နောက်နောက်
ကျောင်းသားတစ်ယောက်က “မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်” လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက ‘မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား’
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …

‘ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ’ လို့မေးတော့ ကျောင်းသူတစ်ယောက်က ‘Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့’ လို့ ဖြေလိုက်ပါတယ် …

ဆရာက ‘သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..’ လို့ ဆရာက မှာလိုက်ပါတယ

ရိုးသားခြင်း


ကျွန်တော့အဖိုးဖြစ်သူ အမြဲပြောလေ့ရှိသည့် ပုံပြင်ကလေး တစ်ပုဒ်ရှိသည်. .

တစ်ခါတုန်းက နာမည်ကြီး ပန်းရံဆရာကြီးနှင့် သားဖြစ်သူတို့သည် ရဲတိုက်ကို
ကာရံထားသည့် အုတ်တံတိုင်း တည်ဆောက်ရာတွင် နာမည်ရလေသည်. . . တစ်နေ့တွင်
အုတ်တံတိုင်းတစ်ခုကို တည်ဆောက်ရေရာ နောက်ဆုံး အုတ်တစ်ချပ်စီပြီး မဆလာ
ထည့်ရမည့် အချိန်တွင် မဆလာမှာ နည်းနေပြီဖြစ်သဖြင့် သားဖြစ်သူအား
လိုအပ်သော မဆလာကို ထပ်ဖျော်ခိုင်းလေသည်. . .

ထိုအခါသားဖြစ်သူကပြောလိုက်သည်. . .

"ဒီရှိတဲ့ မဆလာနဲ့ လုပ်လိုက်ရင်လဲ ရသားပဲ ဥစ္စာ ၊ ထပ်ဖော်နေဖို့မလိုပါဘူး
အဖေရာ. . . "

အဖေဖြစ်သူက လက်ကျန်မဆလာလေးနဲ့လုပ်လိုက်ရင် သူတို့ဆောက်သော
အုတ်တံတိုင်းမှာ ခိုင်မှာမဟုတ်ဟု သားဖြစ်သူအား ရှင်းပြလိုက်ပြန်သည်. . .
သားကထပ်ပြောလိုက်ပြန်သည်. . .

"အဖေကလည်း နှောက်နှစ်တွေကြာလာတဲ့အခါကျရင် ဒီအုတ်တစ်ချပ်မှာ မဆလာ
နည်းနေတာကို ဘယ်သူက သိမှာလဲ. . . . "

'လူနှစ်ယောက်တော့ သိလိမ့်မယ် ငါ့သား . . သူတို့ရှက်လွန်းလို့ သေတောင် သွားနိုင်တယ်"

"အဲဒီလူနှစ်ယောက်က ဘယ်သူလဲ အဖေ. . . "

"မင်းနဲ့ငါပေါ့ကွ"
မှတ်ချက်// မေးလ်ထဲကရတာလေးပါ။

Sunday, August 2, 2009

ဒါလေးတွေသိ၊ပြီးတော့လိုက်နာကြည့်


သိဖို့လိုသလို လိုက်နာဖို့ ဆောင်ဖို့ လဲ လိုပါသေးတယ်။

မေးလ်ထဲက ရလိုက်တာလေးပေါ့ . . မျှဝေလိုက်ပါတယ်။

ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး

(၁) ကုန်ဆုံးသွားသော အချိန်
(၂) ပြောပြီးသောစကား
(၃) အခွင့်အရေးကောင်းများ


တန်ဖိုးအကြီးဆုံးအရာ(၃)ခု

(၁) အချစ်
(၂) မိမိကိုယ့် မိမိယုံကြည်မူ
(၃) အခွင့်အရေးကောင်းများ

ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး

(၁) အိပ်မက်
(၂) စိတ်ကူးရည်ရွယ်ချက်
(၃) ကံကြမ္မာ

အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး

(၁) အလုပ် ကြိုးစားခြင်း
(၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း
(၃) စိတ်ရောကိုယ်ပါ နှစ်မြုတ်ထားခြင်း

ပျက်စီးစေသောအရာ(၃)မျိုး

(၁) အရက်သေစာ
(၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း
(၃) ဒေါသကြီးခြင်း

တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး

(၁) ရိုသေလေးစားခြင်း
(၂) ယုံကြည်စိတ်ချမူ
(၃) ခင်မင်ရင်းနှီးမူ
 

Blogger