Wednesday, July 29, 2009

ဘဝ၊အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါးထစ်(၃၀)


၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းးမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ကဲ....အဆွေတို့ရေ အထက်ပါ စည်းကမ်းချက်များ သင့်မှာရှိပြီးသားဖြစ်ပါသလား မရှိသေးပါက သင့်အတွက်အကျိုးရှိမည်ဟု ယုံကြည်ပါလျှင် ကျင့်သုံးသင့်သည်ထင်ပါသည်။

Tuesday, July 28, 2009

အဖြစ်ကို အဇြစ်တိုင်းပေါ့




မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

“ကောင်းပြီလေ…. အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ”

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
“အသင် ဆင်းခဲ့တော့… ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး” လို့ ပြောလိုက်တယ်။

“ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်” လို့ တံခါးစောင့်က ပြန်မေးတော့

“ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့” လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

မှတ်ချက်// ပန်းစပယ် ဘလော့မှ ကူးယူဖော်ပြပါသည်။

Sunday, July 26, 2009

လောကတွင် လူအများစုတို့ မအောင်မြင်ရခြင်း အချက် (၃) ချက်



(၁) ရည်မှန်းချက်ကို တိတိကျကျ မထားရှိခြင်း။
(၂) လုပ်ငန်းအစီအစဉ်များ စနစ်တကျ ချမှတ်လုပ်ဆောင်မှု မရှိခြင်း။
(၃) တစ်ကြိမ်အောင်မြင်မှု့မရရုံ နှင့် နောက်ဆုတ်သွားခြင်းတို့ကြောင့် ဖြစ်သည်။

မျောလွင့်ခြင်း သင်္ကေတ


မွေးဖွားခြင်း နဲ့ သေဆုံးခြင်း ဆိုတဲ့ တံခါး နှစ်ချပ်အကြားမှာ ခပ်ပါးပါသာ ရှင်သန်ခွင့်ရနေ ကျွန်ုပ်တို့ ရဲ့ ဘဝ ကို တဟုန်းဟုန်းတောက်လောင်ပြီး အခိုးငွေ့တွေ တလူလူထွက်နေတဲ့ ဒေါသတရား တွေကို ရင်ဝယ်ပိုက်ပြီး တိုတောင်းလှတဲ့ ဒီဘဝ ခရီးကို ကျွန်ုပ်တို့ ချီတတ်ကြမှာလား ဒါဆို ရင်တော့ သေချာသွားပြီပေါ့ ကျွန်ုပ်တို့ အနာဂါတ်က ဘယ်တော့မှ မလှပတော့ဘူးလေ။
အကွာအဝေး နဲ့ ရောင်စုံကာလာတွေကသာ ကွာခြားနေကြတာပါ ရင်ခွင်တိုင်းမှာ စီးမျောနေတဲ့ နှလုံးသွေးး နဲ့ မေတ္တာတရား ကတော့ အတူတူပါပဲ အရားအားလုံးဟာ ပြောင်းလွဲနေတယ်ဆိုတဲ့ ဗုဒ္ဓတရား ကို ကျွန်ုပ်တို့ လက္ခံယုံကြည့်ကြရင် ကျွန်ုပ်တို့ ရဲ့ ဒေါသ တရားတွေကို စီးမျောခြင်း မေတ္တာတရား တွေ အဖြစ် အသွင်ပြောင်းပြီး အနာဂါတ် ရဲ့ ပန်းတိုင်ဆီကို ဆက်လက်လျှောက် လှမ်းကြပါစို့လားဗျာ။

Friday, July 24, 2009

သို့ .........သူငယ်ချင်း မေ


ဒီကမ္ဘာမြေအောက်
ငါတို့နှစ်ယောက်
တစ်ယောက်က မေ..
အပူတွေကင်း
ဖြူစင်ခြင်းနဲ့
ဘဝလင်းနေစေခဲ့
သူ…………
တစ်ယောက်က စိုင်း
ကြမ္မာရိုင်းကြောင့်
ဆူးခြောင့်ခလုပ်
အဖော်လုပ်ပြီး
ဘဝစုပ်ကိုမောင်းနှင်
သူ……………..
အသွင်မတူတို့နှစ်ယောက်
ဘဝခရီးတစ်ထောက်မှာ
ငါ့အသက်နင့်ကိုပေး
နင့်အသက်လေး ငါ ယူ
အတူတူသွေးသောက်
သံယောဇဉ်တံတားတွေဆောက်
မေတ္တာလမ်းတွေဖောက်
တို့တတွေ ခရီးရောက်ခဲ့ပြီနော်……..
စိုင်း နဲ့ မေ…….
ကမ္ဘာတွေဘယ်လိုပြောင်း
ရာသီတွေဘယ်လိုဟောင်းစေ
တို့လက်တွေသံမှိုစွဲ
စဉ်ခိုင်မြဲဘို့
ဘုရားရှေ့အရောက်မှာ
ငါ ဒူးတို့ထောက်ခါ
ဆုတောင်းတာအသင်္ချေမက
ငါ့…….ဆုတွေ ရ ပါစေနော်.....၊ ၊ ၊ ၊

ပန်းတိုင် သို့ သွားရာဝယ်


* တိကျသောရည်မှန်းချက်ပန်းတိုင်တစ်ခုရှိရခြင်း၊
* မိမိ ရဲ့ ရည်မှန်းချက်ဘာလဲဆိုတာ စာဖြင့်ရေးချထားခြင်း၊
* မိမိထားရှိထားတဲ့ ပန်းတိုင်ဆီသို့ မည်သည့်အချိန်တွင် ရောက်ကိုရောက်ရမည်ဟု သက်မှတ်ချက်ရှိခြင်း၊
* မည်သို့သွားရမည်ဟူသော လုပ်ငန်းစီမံချက်ကို ချမှတ်ထားခြင်း၊
* မိမိဆုံးဖြတ်ထားတဲ့ ပန်းတိုင်သို့ရောက်ရေးကို နေ့စဉ်တွေးတော်ခြင်း။
* ပတ်ဝန်းကျင်လူသားတို့၏ အားလျှော့စေတဲ့ အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားခြင်း၊
* မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းခြင်း။

Thursday, July 23, 2009

သံယောဇဉ်


ဘဝတစ်ခွင်
ခဏခင်လည်း
မမေ့တတ်ရင်
သံယောဇဉ်နော်...
အချစ်နှောင်ကြိုး
တွယ်တာတိုးလဲ
မမုန်းတတ်ရင်
သံယောဇဉ်နော်...
မမုန်းမမေ့
လမ်းတစ်ကွေ့မှာ
ဆုံခဲ့ပါလျှင်
သံယောဇဉ်ကြောင့်
ခေါ်ပါပြောပါ
နှုတ်ဆက်ပါ.....၊ ၊ ၊

Wednesday, July 22, 2009

စဉ်းစားဖို့နော်..


လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။

သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။

မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။

မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။

တပါးသူကို မိမိက ခွင်.လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင်.လွတ်ဖို. တောင်းဆိုရတာ ခက်ခဲပါတယ်။

စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။

အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။

ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။

နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။

ကတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။
ကတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။

ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။

သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။

အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။

ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။

တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။

ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
အတွေးအခေါ် စာစု

နေကြာ အလွမ်း


သခင်ရယ်..........
မြေကမ္ဘာမှာပွင့်လန်း
နေကြာပန်းလေးတောင်
နေအလာကိုမျှော်ငေး
လွမ်းတတ်သေးတာပဲ.....၊ ၊ ၊ ၊
နေကြာမဟုတ်တဲ့ ငါ....
သခင်..
အလာကိုမျှော်ငေး
လွမ်းနေသေးတာ
ငါ့ ...အဖြစ် ငါ့ ဘဝ
သဘာဝကျပါတယ်နော်........၊၊၊၊၊၊၊၊
မှတ်ချက်// အွန်လိုင်းမှာ ချစ်သူ အလာကို ကျောက်ချပြီး ကျောက်ရုပ် ဖြစ်လောက်အောင် စောင့်ခဲ့ ရတဲ့ ကျွန်တော့် ရဲ့ အဖြစ်ကို ရေးခြင်းဖြစ်ပါတယ်၊

Don,T Give Up To Obstacles


There are many obstacles in life; I will not go into detail as to what is an obstacle. The thing is that we must not submit to them. One expression says, “Obstacles are for defeating”. It is right, we must overcome all obstacles in life and then we can become a great winner. About this, there is a story, which can illustrate this well. Here is the story;

There was a farmer who had a donkey. He used this donkey, for his work, until it was so old that it could not work. The farmer still cared for it because of its good work in the past. One day the donkey ate the grass near a deserted well. It fell into the well because it could not see the well. Because of its fear of death, it screamed so loud that the farmer heard it. He knew that the old donkey had fallen into the well and worried how he could help it. He could not think how he could help his donkey. Then he sat down and thought, “Well! The donkey is old now and useless. The well has been deserted for a long time. Very soon the donkey will die and it must be buried. And also the well must be covered; it is a good idea to bury the donkey in the well now”.

After that the farmer asked some of his friends to do the job. They came and asked him, “Are you sure you want to bury the donkey alive?” “I have no choice, friend. Let’s do the job”, the farmer said. They shoveled and poured the soil into the well. When the soil hit its back, the donkey realised that he was being buried so it screamed out loud. Soon after that, it was quiet, which surprised its owner and his friends. They looked down into the well and to their astonishment, when the soil hit the donkey’s back, it shook it off and took a step up. It strove very hard to survive, and finally, after striving; shaking off the soil and taking a step up, it walked out of the well. All the people were surprised that the donkey had not given up so as it could survive.

The moral of the story; Life is full of obstacles, so shake them off, one by one, and improve your life.

“Never give up” is a blessing, so we should bear this blessing in mind. Never give up, success awaits us. On the contrary, giving up is a curse of life; we should get rid of it.

“A great winner never gives up”.

( may i request to you all. Because this story is not my own story and motto but i want to share what i was reading today that is why i describe it.)

Tuesday, July 21, 2009

ဝေးလွင့်သူ ရဲ့ တမ်းခြင်း


လွမ်းတယ်ကွယ်.......
စခန်းဘယ်မယ်ချရပါလိမ့်
တမ်းတတဲ့စိတ်တွေ
ယိုဖိတ်နေရင်ခွင်ထဲ
မင်းကိုပဲတမ်းတ
ငါ....လွမ်းရပြီလေ။။။။။။။
တစ်ဘဝမှာတစ်ခါ
ရင်ခွင်မှာတည်ဖြစ်
ဒီတစ်ချစ် နဲ့
မင်းကိုလေ ငါ..
ချစ်ခဲ့တာမို့
နောက်ဆုံးအကြိမ်
နေဝင်ချိန်ထိ
မင်းကိုလေ ငါ..
ချစ်နေပါရစေ
အချစ်ဦးရေ.....။။။။။။

ဘလော့ဂ် စတင်ဖွင့်လှစ်ခြင်း


ဒီဘလော့ဂ် စတင်ဖွင့်ခြင်း ရဲ့ ရည်ရွယ်ချက်က တော့ ကျွန်တော့် ဘဝ ရဲ့ တစ်နေ့တာ တစ်လကြာ သို့ မဟုတ် တစ်နှစ်တာ ကုန်လွန်ခြင်း တစ်ဘဝ တစ်သက်စာ ကျော်ဖြတ်ခြင်း တွေကို ကျွန်တော့် ဘဝ ရဲ့ ဒိုင်ယာရီ တစ်ခု အဖြစ်အမြဲ ရေးသားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ခဏတာ ဒီဘဝမှာ ကျွန်တော် နဲ့ အတူ လမ်းတွဲလျှောက်မဲ့ ပျော်ရွှင်ခြင်း နဲ့ ငိုကြွေးခြင်း တွေ လွမ်းဆွတ်ခြင်း နဲ့ သတိရခြင်းတွေ။ အမြင့်ပျံဝဲ လိုက် အနိမ့်ပျံဝဲလိုက် နဲ့ ကံကြမ္မာ ရစ်ဘီးလုံး ဆရာ ရဲ့ အလျှော့ အတင်း အောက် သူ့အလိုကျ ပျံဝဲနေရတဲ့ ကျွန်တော့် ဘဝ စွန်တစ်ကောင် ရဲ့ အတွေ့အကြုံလေးတွေ ကို ဒိုင်ယာရီ စာအုပ်တစ်အုပ်သဘောမျိုး နှင် ဖန်တီးခဲ့ပါတယ်။ ပညာရှင်ဆန်ဆန်သော ဘလော့ဂ်ဂါ တစ်ဦးအနေဖြင့်တော့ မဟုတ်ပါ။
 

Blogger